ချစ်တီး သီးစုံပဲ ဟင်း vegan recipe
HTML-код
- Опубликовано: 16 апр 2025
- သက်သတ်လွတ်စားတဲ့ သူငယ်ချင်းတွေအတွက် အာဟာရလည်းပြည့် ထမင်းလည်း မြိန်စေတဲ့ ချစ်တီးပဲဟင်းချက်နည်းလေးပါ။
ချစ်တီးပဲဟင်းကို ပဲစဉ်းငုံနဲ့ ချက်လေ့ရှိပေမယ့် ကျွန်တော့်အိမ်မှာ ဝယ်ထားတဲ့ ပဲဝါလေးနဲ့ပဲချက်လိုက်ပါတယ်။
ပဲဝါလေးကို ဆန်ချိန်ခွက် ၁ ခွက်ကို ရေဆေးပြီး ၄နာရီ သို့ ညလုံးပေါက် စိမ်ထားပေးပါ။ ပြီးရင် ပဲတွေကို ရေစစ်ထားပြီး ပြုတ်မယ့်အိုးထဲထည့်ပါ။ အိုးထဲကို အတုံးသေးသေးတုံးထားတဲ့ အာလူးတွေပါ ရောထည့်ပြီး နနွင်း အနည်းငယ် ထည့်ပြီး မိနစ် ၄၀ လောက် နူးအောင် ပြုတ်ပေးပါတယ်။ (ပဲပြုတ်တဲ့အခါ ဆားထည့်ပြီး ပြုတ်ရင် ပဲမနူးဘူးလို့လည်း မှတ်သားဖူးပါတယ်ပေမယ့် pressure cooker နဲ့ပြုတ်ရင်တော့ ဆားထည့်ပြီးပြုတ်လည်း နူးအောင် ပြုတ်လို့ရပါတယ်)
ဟင်းခတ်အမွှေးအကြိုက်တွေအနေနဲ့ ပျဉ်းတော်သိမ် ။ ငရုတ်သီးခြောက်။ ပဲနံ့သာစေ့။ ငရုတ်ကောင်း။ဇီယာ။ မုန့်ညှင်း အနည်းငယ် တို့လိုပါတယ်။ မပါမဖြစ်ကတော့ ပျဉ်းတော်သိမ် ။ ဇီယာနဲ့ မုန့်ညှင်းစေ့ တို့လိုအပ်ပါတယ်.
ပဲဟင်းထဲမှာထည့်ဖို့ အသီးအရွက်တွေက ရုံးပတီသီး။ဘူးသီးနဲ့ ခရမ်းသီးတို့လိုအပ်ပါတယ်။
ချင်း (ဂျင်း)။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ညက်နေအောင် ထောင်းထားပေးပါတယ်။ ပဲတွေပြုတ်ထားတာ နူးလောက်ရင် ဘူးသီးနဲ့ ခရမ်းသီးတွေကိုထည့်ပါတယ်။ ပြီးရင် ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီသတ်ပေးပါမယ်။ အရည်သောက်ဖြစ်တဲ့အတွက် ဆီကို ၁ ဇွန်းကျော်လောက်ပဲထည့်ပါတယ်။ ပျဉ်းတော်သိမ်နဲ့ ငရုတ်သီးခြောက် ကလွဲရင် ကျန်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီပူတာနဲ့ ထည့်ပြီး ခဏလောက် ဆီသတ်ပေးပါ။ ဆိုင်တွေမှာဆိုရင် ရှိမ်းခိုအနည်းငယ်ထည့်လေ့ရှိပါတယ်။ ပြီးရင် ကြက်သွန်ဖြူ။နီ။ချင်း ထောင်းထားတာကိုထည့်ပါမယ်။ မွှေးလာပြီဆိုမှ ငရုတ်သီးခြောက်နဲ့ ပျဉ်းတော်သိမ်ထည့်ပြီး ဆီသတ်ပါတယ်။ အရောင်အတွက် ငရုတ်သီးမှုန့်အနည်းငယ်. ပဲမဆာ အနည်းငယ်ထည့်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဆီသတ်တာ မွှေးပြီဆိုမှ ပြုတ်ထားတဲ့ ပဲထဲကို လောင်းထည့်ပါတယ်။ နောက်ဆုံးမှာမှ ရုံးပတီသီးထည့်မယ်။ ဆားထည့်မယ်။ အချဉ်အရသာအတွက် မန်ကျည်းရည်ကို အနည်းငယ်ထည့်ပါတယ်။ မဆလာ ရနံ့မွှေးမွေးလေးလိုချင်ရင်တော့ ပဲမဆလာကို အနည်းငယ်ထပ်ထည့်ပါ။
ဒါဆိုရင် မွှေးပြီး ထမင်းမြိန်စေတဲ့ ချစ်တီးပဲဟင်းလေးသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ… Хобби
ကျေးဇူးပါ အားပေးနေပါတယ်😍😻🤗🐈🎉
ပဲသီးစုံချဥ်ရည်လေးနဲ့ ဘာလချောင်ကြော်လေးနဲ့ဆိုရှယ်ပဲ😋
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
လိုက်ဖက်တယ်အစ်မ။ဟိုးအရင်ကတည်းက ခုထိ အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်အစ်မ😻
Thank you for sharing.🌺🌸🌼
You’re welcome 😊
ကြိုက်တယ် စားချင်တာ
မချက်တက်လို့ ကျေးဇူးပါ
ဟုတ်ကဲ့ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
good night . Thanks a lot. I like chit tee curries.
Thank you ❤️😊
ခဏခဏ တော့ချက်စားပါတယ် ဒါပေမဲ့ ဆရာလိုတော့ မပြည့်စံုဘူး ပေါ့
ကျေးဇူးပါ
ပြန်ချက်ကြည့်မယ်👏👏👏
ဟုတ်။ ဆိုင်မှာရောင်းတဲ့အနံ့မရသာတူတယ်ဗျ 😊
ကျေးဇူးပါ။ပဲအမျိုးအစားနဲ့ အနံ့အတွက်ထည့်ရမည့်ပစွည်းများကိုသိရပါပြီ။
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
လိုက်ချက်ပြီး ခုပဲ စားနေပါပြီ ။ ကောင်းမှ ကောင်း။ ကျေးဇူးပါ အကိုရေ။
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။❤️
ကျေးဇူးတင်ပါတယ်
ချက်စားကြည့်ပါမယ်
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆရာချက်ပြမှပဲပဲကုလာဟင်းအမှန်။ညီမချက်တာမှာနေတယ်။ကျေးဇူးပါဆရာ
ဟုတ်ကဲ့ အခုနည်းလေးက ဆိုင်က ချစ်တီးပဲဟင်းနဲ့ အနံအရသာလေးတူတယ်😊
Thanks for your sharing
Thank you 😊
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
What kind of beans are you using?
Yellow beans.
@@Cookfork1 thanks
#ကေင်းမှကောင်း...👍
*ချစ်တီးလေးဖြစ်ရော့မယ်*😊
မွှေးနေရော 😊
ထည့်လိုက်တဲ့ မာဆလာကဘာမဆာလဲဟင်☺️မာဆလာနမည်လေးသိပါရစေနော်
Top တံဆိပ်မဆလာပါခင်ဗျ
❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
❤❤❤❤❤❤❤😊😊😊
Thank you ❤️😊
good
Thank you 🫰
ချစ်တီး ထမင်းစားဝိုင်း ချက်နည်းလေး တင်ပေးပါလား😍🤤
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
😍😍😍😍
Thank you 😊
😋😋😋
Thank you 😊
@@Cookfork1 thanks too
မဂ်လာပါကိုထွန်းထိုင်းကအမြဲအားပေးနေပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️ ကိုထွန်း တော့မဟုတ်ဘူးခင်ဗျ
ရှိန်းခို က English လိုဘယ်လိုခေါ်လဲ ?
Asafoetida
1- အစ်မ ခု မှ သိတယ် ဆရာ။ ဆီသတ်ရတာ …ပဲ ကို ၈ နာရီ စိမ်ရတယ် … ဆိုတာ 😁
2- အဲဒီ အိုး က brand ဘာ အိုးပါလဲ ဆရာ ?
ဟုတ်။ အိုးတံဆိပ်က Lock and Lock ပါခင်ဗျာ😊
လီကွမ်ကီး ကဘယ်မှာရောင်းလဲ အကို
citymart မှာ၇တယ်ခင်ဗျ... မန့်ကို ခုမှတွေ့မိလို့ပါ။
ဆီသတ်တာ မမွှေးဘူးဖြစ်နေတယ် ပဲနံသာစေ့ မပါလို့လား
မပါတာအရမ်းတော့ မထူးခြားဘူးဗျ ။ တခါတေလ ဟင်းခတ်တွေက ထားတာကြာလို့ အနံ့ပျယ်တာလဲဖြစ်တတ်ပါတယ် ဟင်းအိုးချခါနီး မဆလာလေးအနည်းငယ်အုပ်ကြည့်ပါလားခင်ဗျ
@@Cookfork1 အုပ်တယ်။ ဪ သတိရပြီ ဆီသတ်တုန်းက မဆလာ အစား curry powder မှားထည့်မိတယ်။ အဲ့ဒါကြောင့်များလား။ mustard seeds(small) သုံးလိုက် အလုံးကြီးဝယ်မရလို့
@@Cookfork1 ရှိန်းခိုက အမှုန့်သုံးလို့ရပါလား အချိန်အဆကရော
India နာမည်နဲ့ acc သိပြီလား bro သိရင်ပြောပြပေးပါ plz 🙏 indian ဟင်းတွေ ချက်တာသိချင်လို့ပါရှင့်
ပြန်မတွေ့တော့တာ ခင်ဗျ။ မတော်တဆ ပြန်တွေ့ရင် ချန်နယ်မှာ ပြောပေးပါမယ်ခင်ဗျာ
@@Cookfork1 😢😢
ကုလားပဲလားဗျ ကုလားပဲအသုံးပြုလို့ရလား
ရတယ်ခင်ဗျ။
ဆရာဘာပဲလည်ဟင်။ပဲအမည်လေးသိပါရစေဆရာ။ ။
ပဲဝါလေး ခင်ဗျ။ ပုံမှန်ဆို ပဲစဉ်းငုံနဲ့ချက်လေ့ရှိတယ်ခင်ဗျ
good
Thank you
စားချင်စရာချက်နည်းလေးကိုလဲနှစ်သက်ပါတယ်❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
😋😋😋
Thank you 😊